
1795: Francis Buchanan M.D. was a doctor and a botanist. He served with the British East India Company. In 1795, he traveled to Burma as part of a diplomatic mission. He wrote extensively about the people he met on this journey, including their languages. Buchanan did not travel to Arakan, but in his journals are some of the first documented references to the Ro.oinga community and their language. He wrote about and recognized the existence of Buddhist, Hindu and Muslim communities living in Arakan. In 1799, Buchanan published some of his findings in the journal, Asiatic Researches. The article details several languages of Burma, including the Rooinga.
၁၇၉၅. Francis Buchanan M.D. သည် ဆရာဝန်နှင့် ရုက္ခဗေဒ ပညာရှင်တစ်ဦးဖြစ်သည်။ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇၉၅ ခုနှစ်၌ သံတမန်လုပ်ငန်းစဥ်ဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဥ်အတွင်း ၎င်းတွေ့ဆုံခဲ့ရသည့် လူများအကြောင်းကို ၎င်းတို့ ပြောဆိုကြသည့် ဘာသာစကားများအပါအဝင် အကျယ်တဝင့်ရေးသားခဲ့သည်။ Buchanan က အာရကန် ပြည်သို့ မသွားရောက်ခဲ့သော်လည်း ၎င်း၏ မှတ်တမ်းများမှာ ရိုအင်ဂါ လူထုအသိုက်အဝန်းနှင့် ၎င်းတို့ ဘာသာစကားအကြောင်းကို ပထမဆုံး မှတ်တမ်းတင်ထားသည့် ကိုးကားချက်အချို့ထဲမှ တစ်ခုဖြစ်သည်။ အာရကန်ပြည်တွင်း နေထိုင်ကြသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် မူဆလင် အသိုက်အဝန်းများ၏ ဖြစ်တည်မှုကို မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ၁၇၉၉ ခုနှစ်တွင် Buchanan က Asiatic Researches ဂျာနယ်ထဲတွင် ၎င်း၏ ရှာဖွေတွေ့ရှိမှုများကို ရေးသားခဲ့သည်။ ထိုဆောင်းပါးထဲတွင် ရိုအင်ဂါ ဘာသာစကား အပါအဝင် မြန်မာနိုင်ငံမှ ဘာသာစကားအများအပြားအကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။
1795: One of several copies of Buchanan’s journals and writings from his time in Burma.
၁၇၉၅. မြန်မာပြည်တွင်နေစဥ်က ရေးသားခဲ့သည့် Buchanan ၏ ဂျာနယ်များနှင့် စာမူများကို မိတ္တူကူးထားသည်များထဲမှ တစ်ခု။

1799: An original printing of Buchanan’s article published in the journal, Asiatic Researches (1799)
၁၇၉၉. ခုနှစ်ထုတ် Asiatic Researches ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် Buchanan ၏ ဆောင်းပါး မူရင်း ပုံနှိပ်စာမူ။


The Mahommedans settled at Arakan, call the country Rovingaw…
I shall now add three dialects, spoken in the Burma empire, but evidently derived from the language of the Hindu nation.
The first is that spoken by the Mohammedans, who have been long settled in Arakan, and who call themselves Rooinga, or natives of Arakan.
မဟာမေဒင်များက အာရကန်ပြည်တွင် အခြေချခဲ့ကြပြီး ရိုဗင်ဂေါဟု ခေါ်ခဲ့ကြသည်။
ဧကရာဇ်မြန်မာနိုင်ငံတော်အတွင်း ပြောဆိုကြသည့် ဒေသိယစကား သုံးမျိုးကို ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။ သို့သော် ထိုဒေသိယစကားများသည် ဟိန္ဒူတိုင်းပြည်မှ ဆင်းသက်လာသည်မှာ ထင်ရှားသည်။
ပထမဆုံးတစ်ခုမှာ အာရကန်ပြည်တွင်း ကာလရှည်ကြာစွာ အခြေချခဲ့ကြသည့် မဟာမေဒင်များ ပြောသည့်စကားဖြစ်ပြီး ၎င်းတို့က ၎င်းတို့ကိုယ်ကို ရိုအင်ဂါ သို့မဟုတ် အာရကန်ပြည်၏ ဌာနေဒေသခံများဟု ခေါ်ဆိုကြသည်။
