
၉
လူထုအသိုက်အဝန်း၏ ဓာတ်ပုံအယ်လ်ဘမ်
လူထုအသိုက်အဝန်းတစ်ခု၏ မှတ်တမ်းဓာတ်ပုံများ
“ကျွန်တော်တို့ အတိတ်တွေကို ပြန်ပြောကြတဲ့အခါ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ခေတ်မီတဲ့လူတွေ၊ ခွဲခြားဆက်ဆံမှုရှိတဲ့တိုင်အောင် နိုင်ငံက လက်ခံထွေးပွေ့ပေးထားတဲ့ သူတွေအဖြစ် အမှတ်တရရှိကြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံပုံတွေက ပြောင်းလဲသွားခဲ့ပေမယ့် အတိတ်ကို ပြန်ပြောင်းသတိရတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကွဲပြားခြားနားတယ်လို့ မမြင်ကြဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေလိုပဲ ၊ တခြားသူတွေလိုပဲ ဘာမှ မခြားနားဘူး။ ဒီ ဓာတ်ပုံဟောင်းတွေကို ကြည့်တဲ့အခါ ဒါတွေက ရိုဟင်ဂျာတွေနဲ့ တူတယ်လို့ ခင်ဗျားပြောမလား။ မပြောဘူးလေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တခြားသူတွေနဲ့ အတူတူပဲမို့လို့။ ကျွန်တော်တို့က ဒီနိုင်ငံထဲမှာရှိတဲ့ တခြားသူတွေအားလုံးနဲ့ အတူတူပါပဲ။”
အမ်ဘီယာ၊ ၂၀၂၄။
၁၉၈၀ ခုနှစ်များ
၁၉၇၉
၁၉၈၄
၁၉၇၄
၁၉၇၈
၁၉၇၀ ခုနှစ်များ
“ဒီပုံက ၁၉၇၆ ခုနှစ်က ရိုက်ထားတာ။ ကျွန်မ ဝမ်းကွဲတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပေါ့။ ဒီထဲက အမျိုးသမီးတွေအကုန်လုံးက ဆွေမျိုးတွေချည်းပဲ။ တချို့က ကျွန်မ ညီမတွေ၊ အစ်မတွေ၊ တချို့က ယောင်းမတွေ။ မင်္ဂလာဆောင်က လှလှပပနဲ့ ပျော်စရာကောင်းတယ်။ ကျွန်မဝတ်ထားတာက အချိတ်ထဘီလေ။ စျေးကြီးတဲ့ မြန်မာလုံချည်ပေါ့။ ကျွန်မတို့ မြန်မာအဝတ်အစားပဲ အမြဲဝတ်ကြတာ။ ဘာလို့လဲဆို ကျွန်မတို့က မြန်မာတွေလေ၊ ဘင်္ဂလားဒေ့ရှ်ကမှ မဟုတ်ကြတာ။”
“ကျွန်မရယ်၊ အစ်မရယ်၊ တူမလေးရယ် သုံးယောက်က ဆရာမတွေ ဖြစ်လာကြတယ်။ ခုတော့ အငြိမ်းစားယူလိုက်ကြပါပြီ။ ဒီပုံထဲက အမျိုးသမီး ခြောက်ယောက်ပဲ ခုထိ သက်ရှိထင်ရှားရှိတော့တယ်။”
ဒေါ်ခင်လှ
ဘူးသီးတောင်တွင် ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခု၊ ၁၉၇၆။
၁၉၆၄
၁၉၈၄
၁၉၆၅
၁၉၇၁
၁၉၇၂
၁၉၈၀
၁၉၆၀ ခုနှစ်များ
“ဒါက ကျွန်တော့်ဦးလေး။ သူနောက်ဆုံးတာဝန်ထမ်းခဲ့တဲ့ ရာထူးက ဒုရဲချုပ်။ ကျွန်တော်ငယ်ငယ်တုန်းက သူကရန်ကုန်မှာ တာဝန်ထမ်းတာ။ မြန်မာအစိုးရဆီကနေ ဂုဏ်ပြုဆုတွေအများကြီး ရခဲ့တယ်။ သူက တော်တော်လေး အရေးပါတဲ့သူပါ။ ဘာလို့လဲဆိုတော့ တက္ကသိုလ်တက်ဖို့ ရန်ကုန်ရောက်လာတဲ့ ရိုဟင်ဂျာ ကျောင်းသားအများကြီးကို သူက ကူညီပေးတယ်။ ပြီးတော့ ကျောင်းသားတွေအတွက် ရန်ပုံငွေရဖို့ သူ့အနီးဝန်းကျင်မှာ တစ်အိမ်တက်ဆင်းသွားပြီး ကောက်ခံပေးတယ်။”
“သူရာထူးတိုးသွားပြီးတော့ မန္တလေးရဲသင်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်ရတယ်။”
ဦးဘစိန်၊ ၂၀၂၃
ဦးကျော်ဇောအောင်၏ ဓာတ်ပုံ၊ ၁၉၆၉။
၁၉၆၉
၁၉၇၇
၁၉၈၈
၁၉၈၀
၁၉၇၀
၁၉၇၅
၁၉၈၂
“ဒီပုံကိုကြည့်ရင် ကျွန်မအမျိုးသားရဲ့ ငယ်ဘဝကို မြင်ရတယ်။ သူ တက္ကသိုလ်က ဘွဲ့ရပြီးတော့ ဆရာဝန်ဖြစ်လာတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စစ်တွေမှာပဲ သူဆုံးသွားတယ်။ တခြား ထိုင်နေတဲ့ ကလေးတွေနဲ့ မတ်တပ်ရပ်နေတဲ့ ကလေးတွေအားလုံးက မိသားစု တစ်ခုတည်းကပဲ။ ဒုတိယအိမ်ထောင်ကပါတဲ့ ကလေးတွေလိုမျိုးပေါ့။ သူတို့ အရွယ်ရောက်လာကြတော့ သူတို့မိသားစုနဲ့ သူတို့ မြန်မာနိုင်ငံထဲမှာပဲ တစ်နေရာစီနေကြတယ်။ တချို့ကတော့ အသက်ရှင်လျက်ရှိသေးတယ်။ တချို့ကတော့ ဆုံးသွားကြပြီ။”
အမည်မဖော်လိုသူ၊ ၂၀၂၄
၁၉၈၀
၁၉၆၇
၁၉၇၃
၁၉၆၄
၁၉၈၂
၁၉၆၈
၁၉၈၄
၁၉၈၄
၁၉၇၈
၁၉၇၀
၂၀၁၂
၁၉၉၆
“သူတို့တွေက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ။ ဒါကမောင်တောက ကမ်းခြေမှာလေ။ အထက်တန်းစာမေးပွဲကို အကုန်လုံးအောင်ကြတယ်။ ကျွန်တော်ဘယ်တော့မှ မမေ့တဲ့ အခိုက်အတန့်ပေါ့။ ကျွန်တော်တို့ထဲက တော်တော်များများက အိမ်က ထွက်လာဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ကြဘူး။ အခု ကျွန်တော်တို့အားလုံး ကမ္ဘာ့နေရာအသီးသီးမှာ ရောက်နေကြပြီ။ အဲ့ဒီတုန်းက ကျွန်တော်တို့အားလုံး အတူတူဓာတ်ပုံရိုက်ခဲ့ကြတာ နောက်ဆုံးပါပဲ။”
H, ၂၀၂၂