ဆရာများနှင့် ကျောင်းသားကျောင်းသူများ

မြန်မာ့ပညာရေးလောကထဲမှ ရိုဟင်ဂျာများ

Background: Unknown/Private

“၁၉၂၀ ခုနှစ်တွင် ဇိုင်အူဒင်က စစ်တွေ(အက္ကယာပ်)မှာ အမျိုးသား အထက်တန်းကျောင်းကို ဖွင့်လှစ်ပေးခဲ့တယ်။ ကိုလိုနီခေတ်အတွင်း ကိုလိုနီစနစ်ကိုပဲ ဦးစားပေးနေတဲ့အချိန်မှာ အာရကန်ပြည်အတွင်း ကိုလိုနီစနစ်ကို ဦးစားမပေးဘဲ မြန်မာအမျိုးသားပညာရေးစနစ်ကို ဦးစားပေးခဲ့တဲ့ ပထမဆုံးသောသူဟာ ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ဇိုင်အူဒင်ဖြစ်ပါတယ်။ သူက ရခိုင်၊ ဗမာနဲ့ မူဆလင်ကျောင်းသားတွေကို အမြင်ဖွင့်ပေးခဲ့သူဖြစ်တယ်။ သူ့ကို “မြန်မာ့ပညာရေးဖခင်” လို့ ခေါ်သင့်ပါတယ်။”

မိုဟာမက်ဟူစိန်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၁၈ ခုနှစ်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ဆယ်စုနှစ်ပေါင်းများစွာအထိ အရှေ့တောင်အာရှတွင် အကောင်းဆုံး ပညာရေးစနစ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း အရှေ့တောင်အာရှ၏ အကောင်းဆုံး  တက္ကသိုလ်များထဲမှအချို့မှာ မြန်မာနိုင်ငံ၌ ရှိခဲ့သည်။ ၁၉၂၀ ပြည့်နှစ်များအတွင်း ရိုဟင်ဂျာများက အမျိုးသားပညာရေး သင်ရိုးညွှန်းတမ်းကို ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ပံ့ပိုးမှုများစွာ ပေးခဲ့ပြီး အာရကန်ပြည်၏ ပထမဆုံးသော ပုဂ္ဂလိအထက်တန်းကျောင်းများ ပေါ်ထွက်လာအောင်လည်း ပါဝင်ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့မှာ သြဇာကြီးမားပြီး လေးစားခံရသော ဆရာများ၊ ကျောင်းအုပ်များနှင့် အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ အထူးသဖြင့် ၁၉၅၀ မှ ၁၉၈၀ ပြည့်နှစ်ကာလများတွင် ရိုဟင်ဂျာကျောင်းသားများသည် နိုင်ငံတဝန်းရှိ အခြားတိုင်းရင်းသားလူမျိုးစုများနှင့်အတူ မြန်မာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များနှင့် နည်းပညာကောလိပ်များတွင် တက်ရောက်ပညာသင်ယူခဲ့ကြသည်။

အစိုးရက ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံခြင်းနှင့် ခရီးသွားလာမှု ကန့်သတ်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာသည့်အခါ ရိုဟင်ဂျာများအတွက် ရန်ကုန်သို့ သွားရောက်ပညာသင်ကြားရန် အလွန်ခက်ခဲလာခဲ့သည်။ ရိုဟင်ဂျာကျောင်းသားများက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားကာ ဘွဲ့ရယူခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် အစိုးရက ရိုဟင်ဂျာများအား အဆင့်မြင့်ပညာသင်ကြားခွင့်ကို လုံးဝပိတ်ပင်ခဲ့သည်။ နောက်ထပ် ၁၀ နှစ်ကြာသည်အထိ (မေလ ၂၀၂၂ ခုနှစ်အထိ) ရိုဟင်ဂျာလူငယ်များမှာ စစ်တွေတက္ကသိုလ်ကိုပင် တက်ရောက်ခွင့် မရခဲ့ကြပေ။

ယခင်က မမြင်တွေ့ခဲ့ရသည့် ဘွဲ့နှင်းသဘင်အခမ်းအနားများ၏ ရှားပါးဓာတ်ပုံများ၊ တက္ကသိုလ်အသင်းအဖွဲ့များ၊ ကျောင်းသား သမဂ္ဂများ၊ ဆရာများနှင့်ကျောင်းသားကျောင်းသူ သင်တန်းများ၊​ နှစ်ပတ်လည်စာစောင်မဂ္ဂဇင်းများအပြင် အခြားသော မှတ်တမ်းမှတ်ရာများက ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် ဆယ်စုနှစ်များစွာကြာသည့်တိုင်အောင် အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့်အတူ နက်နက်နဲနဲပါဝင်ခဲ့ကြသည်ကို ပြသနေသည်။


Rohingya 1956

၁၉၅၆

၁၉၆၂

Rohingya 1963
Rohingya 1970

၁၉၇၀

Rohingya 1962

၁၉၆၃

Rohingya 1954

၁၉၅၄


“အလယ်မှာထိုင်နေတဲ့ လူကတော့ ဆရာဖယာဇ်ပါ။ သူဟာ မောင်တောမြို့ အထက်တန်းကျောင်းက ကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေက သူ့ကိုလေးစားကြပြီး သူပြောသမျှကို လိုက်နာဖို့ အမြဲကြိုးစားကြတယ်။ သူက ကျွန်တော်တို့ကို ပညာသင်ပေးသလို ကောင်းမွန်တဲ့ အရည်အချင်းတွေရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင်လည်း မြေတောင်မြှောက်ပေးခဲ့တယ်။”

“ကျွန်တော်က သူ့လက်အောက်မှာ သူငယ်တန်းနဲ့ ပထမတန်းကို တက်ခဲ့တယ်။ ကျွန်တော်တို့ ရှေ့က တက်ခဲ့တဲ့ ကျောင်းသားတွေကလည်း သူ့ကို သတိတရရှိနေကြတုန်းပဲ။ ဆရာက ၁၉၅၈ ခုနှစ်တွင် မော်လမြိုင်မှာ ကွယ်လွန်သွားခဲ့တယ်။ သူကွယ်လွန်သွားတော့ မောင်တောမှာ သူ့အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြတာကို ကျွန်တော် ယနေ့ထိ သတိရနေတုန်းပဲ။”

အာမာန်အူလာ၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃ ခုနှစ်

Unknown/Greg Constantine

ရိုဟင်ဂျာလူထုအသိုက်အဝန်းမှ ဆရာ ဖာယာဇ် (အလယ်) အပါအဝင် ၁၉၅၄ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သင်တန်းနည်းပြများ အဖွဲ့လိုက်ရိုက်ကူးထားသည့်ဓာတ်ပုံ။ ဆရာဖာယာဇ်ကို မောင်တောမြို့တွင် မွေးဖွားခဲ့ပြီး ၎င်းမှာ ရိုဟင်ဂျာလူထုအသိုက်အဝန်းထဲမှ လေးစားခံရဆုံး ဆရာများ၊ ကျောင်းအုပ်များထဲမှ တစ်ယောက်ဖြစ်သည်။ ၎င်းမှာ ၁၉၂၀ ခုနှစ်များမှစ၍ ၁၉၄၂ ခုနှစ် ဂျပန်များမသိမ်းပိုက်မီအထိ အာရကန်ပြည်မြောက်ပိုင်းရှိ ကျောင်းများကို စစ်ဆေးသူအရာရှိတစ်ဦး ဖြစ်ခဲ့သည်။ မောင်တောမြို့ အထက်တန်း ကျောင်းအုပ်ဖြစ်ခဲ့ပြီးနောက် ခရိုင်ပညာရေးအရာရှိအဖြစ် တာဝန်ထမ်းခဲ့သည်။ ၁၉၅၈ ခုနှစ်တွင်  ကွယ်လွန်ခဲ့သည်။


Rohingya 1972

၁၉၇၂

Rohingya 1979
Rohingya 1954

၁၉၅၄-၅၅

၁၉၇၉

Rohingya 1961

၁၉၆၁-၆၂

“ကျွန်တော့်အဖေက ကျောက်ဖြူပညာရေးကောလိပ်မှာ ဆရာဖြစ် သင်တန်းကိုတက်ခဲ့တယ်။ သူ့အဖေကလည်း ကျောင်းဆရာပဲ။ ရခိုင်ပြည်နယ်က တိုင်းရင်းသားလူမျိုးစုအသီးသီးက ဆရာတွေ ဒီမှာတက်ခဲ့ကြတယ်။ ရိုဟင်ဂျာတွေတင်မကဘူး တခြား တိုင်းရင်းသား လူမျိုးစုတွေ အများကြီးလည်းပါတယ်။ သူ အငြိမ်းစား မယူခင်အထိ ကျောင်းဆရာအဖြစ် နှစ် ၃၀ ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တယ်။”

အေရ်ရှတ် အိတ်ချ်၊ ၅၇ နှစ်၊ ၂၀၂၃။

Greg Constantine

ရခိုင်ပြည်နယ်တွင်တည်ရှိသည့် ကျောက်ဖြူပညာရေးကောလိပ်သို့ ရိုဟင်ဂျာများအပါအဝင် တိုင်းရင်းသားလူမျိုးစုအသီးသီးမှ ဆရာ၊ဆရာမလောင်းများ တက်ရောက်ခဲ့ကြသည်။ ထိုကောလိပ်ကို ၁၉၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဤနှစ်ပတ်လည်မဂ္ဂဇင်းထဲတွင် ၁၉၆၅ ခုနှစ်၌ ကောလိပ်တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ ဓာတ်ပုံများကို ဖော်ပြထားသည်။


Rohingya 1929
Rohingya
Rohingya
Rohingya teacher
Rohingya teacher
Rohingya Nurse

“ဒီတစ်ယောက်က ကျွန်တော်လေ။ အဲ့ဒီတုန်းက ကျွန်တော် ပထမနှစ်ပဲ ရှိသေးတာမှတ်မိတယ်။ ရန်ကုန်က ဓာတ်ပုံစတူဒီယိုကို သွားခဲ့ကြတာ။ ဒီတစ်ယောက်က အင်ဂျင်နီယာ၊ ဒီတစ်ယောက်ကတော့ လွှတ်တော်အမတ်ဖြစ်လာတယ်။ ဒီတစ်ယောက် ဆေး-၁ မှာ ပညာဆက်သင်တယ်။ ဒီတစ်ယောက်ကလည်း အင်ဂျင်နီယာပဲ။ ကျွန်တော်ကကျတော့ ဥပဒေကို သင်တယ်။ ဒီတစ်ယောက်က ရုက္ခဗေဒဘွဲ့ရတယ်။ ဒီတစ်ယောက်ကျပြန်တော့ ဝိဇ္ဇာဘွဲ့။ ဒီမှာနောက်ထပ် အင်ဂျင်နီယာ တစ်ယောက်၊ ဒီတစ်ယောက်လည်းပဲ အင်ဂျင်နီယာပဲ။ ဒီတစ်ယောက်ကျတော့ သင်္ချာဘွဲ့ရတယ်။ နောက်ပြီး ရုက္ခဗေဒဘွဲ့ရတဲ့သူ။ ဒီမှာ ဆရာဝန်၊ နောက်ထပ် ဆရာဝန်တစ်ယောက်။ ရှေ့နေလည်းပါတယ်။ ကျောင်းဆရာလည်း ပါတယ်။ ဒီတစ်ယောက်က ၁၉၆၇ ခုနှစ်မှာ ထိပ်ဆုံးကနေအောင်တယ်။ သူက ကျွန်တော့် ရှေ့တစ်နှစ်က စီနီယာပါ။ အထက်တန်းအောင်တော့ သူက အတန်းထဲမှာ အတော်ဆုံးပဲ။ လွတ်လပ်ရေးနေ့ အခမ်းအနားလုပ်ကြတော့ သူ့ကို ရွှေတံဆိပ်ပေးခဲ့ကြတယ်။”

ဇော်မင်း၊​ ရိုဟင်ဂျာ လူကြီးသူမတစ်ဦး၊ ၂၀၂၂။

Rohingya 1967

၁၉၆၈

Rohingya student
a

၁၉၇၀ ခုနှစ်များ

Rohingya

၁၉၈၁

Rohingya 1976

၁၉၇၆

Rohingya

၁၉၇၀ ခုနှစ်များ

Rohingya 1979

၁၉၇၉

“ဒီထဲက တစ်ပုံက ရန်ကုန်မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံထဲမှာ ရိုက်ထားတာ။ နောက်ထပ်ပုံကကျတော့ ဘာသာရပ်တစ်ခုတည်းက ကျောင်းသားကျောင်းသူတွေရဲ့ အဖွဲ့လိုက်ပုံ။ ကျွန်တော်တို့အားလုံး ပုသိမ်ကောလိပ်မှာတက်ခဲ့ကြတာ။ ကျွန်တော်က ရုက္ခဗေဒယူတယ်။ ဒီဟာကကျတော့ ရိုဟင်ဂျာကျောင်းသားများအသင်းရဲ့ အဖွဲ့လိုက်ဓာတ်ပုံ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ တိုင်းရင်းသားလူမျိုး အသီးသီးကလာတဲ့ ကျောင်းသားတွေပါ။ အဲ့ဒီအချိန်က ကျွန်တော်တို့ စည်းလုံးခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းဆက်ဆံခဲ့ကြတယ်။ အဲ့ဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။”

မိုဟာမက် အလီ၊ ၇၀ နှစ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃။

Unknown/Greg Constantine

မိုဟာမက်အလီ (အသက် ၇၀နှစ်) က ၁၉၇၀ ပြည့်နှစ်များအလယ်ပိုင်းတွင် ပုသိမ်ကောလိပ်၌ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၎င်းက ရုက္ခဗေဒအထူးပြုယူခဲ့သည်။ ထို့နောက် အထက်တန်းကျောင်းဆရာ တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်၌ အငြိမ်းစာမယူမီအထိ နှစ်ပေါင်း ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖော်ပြထားသည့် ပုံများမှာ - ပုသိမ်တက္ကသိုလ်ရိုဟင်ဂျာကျောင်းသားအသင်း၏ အဖွဲ့လိုက်ဓာတ်ပုံ၊ ရုက္ခဗေဒဘာသာရပ်ကျောင်းသားကျောင်းသူများ၏ ဓာတ်ပုံ (ထိုအထဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည်) နှင့် အခြားသော ကျောင်းသားကျောင်းသူများနှင့် မိတ်ဆွေသူငယ်ချင်းများ၏ ဓာတ်ပုံများဖြစ်သည်။


Rohingya 1980

၁၉၈၀

Headmasters

၁၉၉၄


“ဗုဒ္ဓဘာသာဝင်တွေနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အရင်က အတူတကွ ပညာသင်ခဲ့ကြတယ်။ ကျွန်တော်က မိသားစုထဲမှာ ပထမဆုံးဘွဲ့ရတဲ့သူဖြစ်တယ်။ အဲဒါကြောင့်လည်း ကျွန်တော်က အရမ်းပျော်တာ။ ကျွန်တော်တို့ခေတ်က အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် ကျွန်တော့်လိုမျိုး ပညာသင်ခွင့်မရတဲ့သူတွေက အများကြီးလေ။ ဒါပေမယ့် ဘွဲ့ရပြီးတဲ့ အခါကျတော့ တော်တော်များများကလည်း အလုပ်လုပ်ဖို့ အခွင့်အရေးတွေ မရကြပြန်ဘူး။ ကျွန်တော်တို့က ဘွဲ့ရအောင် ပညာသင်ပြီးတော့လည်း အိမ်မှာပဲ ငုတ်တုပ်ထိုင်နေရတယ်။ ရိုဟင်ဂျာလူထုထဲမှာ ပညာတတ်တွေရှိတယ်ဆိုတာနဲ့ သူတို့ရဲ့ အရည်အသွေးတွေကို ပြသခွင့်မရကြဘူးဆိုတာကို ကမ္ဘာက မသိကြဘူး။”

မိုဟာမက် တီ၊ ၄၂ နှစ်၊ ၂၀၂၃။

Greg Constantine

မိုဟာမက် တီက စစ်တွေတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ဖော်ပြထားသည့်ပုံများမှာ - ကျောင်းသားကပ်များ၊ ဘွဲ့နှင်းသဘင်ပုံများ၊ ဘွဲ့လက်မှတ်များနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားနေ့ အစီအစဥ်များဖြစ်သည်။


Sittwe U
Sittwe U
Sittwe U
Sittwe U