1653: Sebastian Manrique was an Augustin missionary from Portugal. He traveled through the East from 1629-1643, including Arakan (which he wrote as Arracan).  In 1653, his book, Itinerary of the Oriental Missions of Father Manrique, was published. In the book, he writes about Muslims in Arakan, including some in the royal court. He also describes Muslims brought from Bengal to Arakan as captives and slaves.

၁၆၅၃. Sebastian Manrique သည် ပေါ်တူဂီမှ သြဂတ်စတင်း သာသနာပြုဘုန်းတော်ကြီ တစ်ပါးဖြစ်သည်။ ၁၆၂၉ မှ ၁၆၄၃ ခုနှစ် အထိ အာရကန်ပြည် အပါအဝင် အရှေ့တိုင်းဒေသများကို လှည့်လည်သွားလာခဲ့သည်။ ၁၆၅၃ ခုနှစ်တွင် ၎င်း၏ စာအုပ်ဖြစ်သည့် Itinerary of the Oriental Missions of Father Manrique ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် တော်ဝင်နန်းတွင်းတော်၌ ရှိကြသည့် မူဆလင်များအပါအဝင် အာရကန်ပြည်ရှိ မူဆလင်များအကြောင်းကို ရေးသားခဲ့သည်။ ထို့ပြင် ဘင်္ဂလားမှ အာရကန်သို့ အကျဥ်းသားများနှင့် ကျွန်များအဖြစ် ခေါ်ဆောင်လာခဲ့သည့် မူဆလင်များ အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သည်။

1676: Wouter Schoutens was a Dutch surgeon. He traveled to the Dutch East Indies for several years.  He visited Arakan from 1660-1661. His book, Wouter Schoutens Travels Into The East Indies, was published in 1676. Drawings and observations describe the people of Arrakan and the presence of Muslims in Arakan at the time.

၁၆၇၆. Wouter Schoutens သည် ဒတ်ချ်လူမျိုး ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။​ ဒတ်ချ်ကိုလိုနီပြုထားသည့် အရှေ့အင်ဒီနိုင်ငံများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ၁၆၆၀ မှ ၁၆၆၁ အတွင်း အာရကန်ပြည်သို့ သွားရောက်ခဲ့သည်။ Wouter Schoutens ၏ Wouter Schoutens Travels Into The East Indies စာအုပ်ကို ၁၆၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ လေ့လာတွေ့ရှိချက်များနှင့် သရုပ်ဖော်ပုံများသည် ထိုအချိန်က အာရကန်ပြည်တွင်း နေထိုင်သူများနှင့် အာရကန်ပြည်တွင် မူဆလင်များရှိနေကြောင်း ဖော်ပြနေသည်။

1738: Thomas Salmon’s The Present State of All the Counties and Peoples of the World. Seen is the Italian edition printed in 1738 and an engraving depicting the way inhabitants of Arakan dressed.

၁၇၃၈. Thomas Salmon ၏ The Present State of All the Counties and Peoples of the World ဖော်ပြထားသည့်ပုံမှာ ၁၇၃၈ ခုနှစ်က အီတလီဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ထဲမှဖြစ်ပြီး သရုပ်ဖော်ပုံမှာ အာရကန်ပြည်တွင်း အခြေချနေထိုင်သူများ၏ ဝတ်စားဆင်ယင်ပုံဖြစ်သည်။

Next
Next

1795 - Ro.oinga & Francis Buchanan