“My father worked for the government since 1944. He was a volunteer and was responsible for distributing rations during the British Administration. After independence he joined the Customs Department. He retired in 1966. The National Registration Card (NRC) provided to my father is numbered, 000025. It is the 25th NRC card issued in the whole of Burma. If my father was not a citizen, he could not have this card and a government job. My grandfather, great grandfather and great-great grandfather were born in this country and we are descendants of them.”
Mirza A, 61
Son of Olla Meah
“ကျွန်တော့်အဖေဟာ ၁၉၄၄ ခုနှစ်ကတည်းက အစိုးရအတွက် အမှုထမ်း ပေးခဲ့တာ။ သူက စေတနာ့ဝန်ထမ်းလုပ်ပြီး ဗြိတိသျှ အုပ်ချုပ်နေစဥ်ကာလက ရိက္ခာဖြန့်ဖြူးရေးမှာ တာဝန်ယူခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတော့ အကောက်ခွန်ဌာနမှာ အလုပ်ဝင်လုပ်တယ်။ ၁၉၆၆ ခုနှစ်မှာ အငြိမ်းစားယူလိုက်တယ်။ အဖေ့ကို ပေးခဲ့တဲ့ မှတ်ပုံတင်နံပါတ်က ၀၀၀၀၂၅ပါ။ မြန်မာပြည်တစ်ပြည်လုံးမှာ ၂၅ ခုမြောက် ကတ်ပြားပါ။ တကယ်လို့ ကျွန်တော့်အဖေက နိုင်ငံသားမဟုတ်ဘူးဆိုရင် ဒီမှတ်ပုံတင်ကတ်ပြားလည်း ရမှာမဟုတ်သလို အစိုးရအလုပ်လည်း လုပ်ရမှာမဟုတ်ဘူး။ ကျွန်တော့်အဘိုး၊ အဘေး၊ အဘီတွေ အကုန်လုံး ဒီနိုင်ငံထဲမှာပဲ မွေးခဲ့ပြီးတော့ ကျွန်တော်တို့ဟာ သူတို့တွေရဲ့ ဆက်ခံသူတွေဖြစ်ပါတယ်”
မီရ်ဇာ၊ ၆၁ နှစ်
အူလာမျာ၏ သားဖြစ်သူ
“They called us for a meeting to explain the new citizenship law. When the meeting started, the chairman was explaining the law. We were listening and taking note of it. I was writing as much as I could in my diary. Finally, when we learned they were using the citizenship law to discriminate against us, we felt like we were not part of the world anymore.”
Abul Kalam, 69
“နိုင်ငံသားဥပဒေသစ်ကိုရှင်းပြဖို့အတွက် သူတို့က အစည်းအဝေးခေါ်တယ်။ အစည်းအဝေးစတော့ ဥက္ကဋ္ဌက ရှင်းပြတယ်။ ကျွန်တော်တို့ကလည်းနားထောင်ပြီး မှတ်စရာရှိတာ မှတ်တောပေ့ါ။ ကျွန်တော်က နေ့စဥ်မှတ်တမ်းစာအုပ်ထဲ တတ်နိုင်သမျှရေးမှတ်တယ်။ နောက်ဆုံးတော့ သူတို့က နိုင်ငံသားဥပဒေကို သုံးပြီး ကျွန်တော်တို့ကို ခွဲခြားဆက်ဆံဖို့ လုပ်နေတာကို သိလိုက်ရတယ်။ ကျွန်တော်တို့က ကမ္ဘာ့အစိတ်အပိုင်း တစ်ခုအဖြစ်ရှိမနေတော့ဘူးလို့ ခံစားခဲ့ရတယ်”
အဘူလ်ကာလာမ်၊ ၆၉ နှစ်
Salai Ahmed (center) was appointed a village headman in 1949. He passed away in the late 1980s. Included here are: original National Registration Cards of Salai Ahmed, his brother and son and their wives, a Family list issued in 1959 and Appointment of Headman issued in 1949. Also two voter registration cards issued in 1978 and 1981 by the electoral commission.
“My grandfather was a village headman for almost 40 years. He was an Arabic school teacher. He was respected by many people and was a member of the local council. My family owned a lot of land and we lived in Maungdaw for several generations.”
Rohim U,
Grandson of Salai Ahmed.
“ကျွန်တော့်အဘိုးက နှစ်ပေါင်း ၄၀ နီးပါးလောက် ရွာသူကြီးဖြစ်ခဲ့တာ။ အာရဘီကျောင်းမှာလည်း စာသင်ပေးခဲ့တယ်။ လူအများကြီးက လေးစားရတဲ့သူဖြစ်ပြီး ရပ်ရွာကောင်စီမှာလည်း အဖွဲ့ဝင်ဖြစ်ခဲ့တာ။ ကျွန်တော့်မိသားစုက မြေနေရာအများကြီးပိုင်ဆိုင်ခဲ့ပြီးတော့ မောင်တောမြို့မှာ ဆွေစဥ်မျိုးဆက်နေလာခဲ့ကြတာပါ”
ရော်ဟိမ်း
ဆာလေအာမက်၏ မြေး
“Buddhists and we, Rohingya, we studied together in the past. I am the first person to graduate in my family. That’s why I am very happy. There are a lot of people who couldn’t study like me during our time due to restrictions from the government. But, after getting a degree…the majority didn’t have any opportunities to work. We pursued an education and got a degree then had to sit at home with it. The world doesn’t know there are educated people in the Rohingya community and that Rohingya are not getting the chance to show their skills.”
Mohammed T (42), 2023
“ဗုဒ္ဓဘာသာဝင်တွေနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အရင်က အတူတကွ ပညာသင်ခဲ့ကြတယ်။ ကျွန်တော်က မိသားစုထဲမှာ ပထမဆုံးဘွဲ့ရတဲ့သူဖြစ်တယ်။ အဲဒါကြောင့်လည်း ကျွန်တော်က အရမ်းပျော်တာ။ ကျွန်တော်တို့ခေတ်က အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် ကျွန်တော့်လိုမျိုး ပညာသင်ခွင့်မရတဲ့သူတွေက အများကြီးလေ။ ဒါပေမယ့် ဘွဲ့ရပြီးတဲ့ အခါကျတော့ တော်တော်များများကလည်း အလုပ်လုပ်ဖို့ အခွင့်အရေးတွေ မရကြပြန်ဘူး။ ကျွန်တော်တို့က ဘွဲ့ရအောင် ပညာသင်ပြီးတော့လည်း အိမ်မှာပဲ ငုတ်တုပ်ထိုင်နေရတယ်။ ရိုဟင်ဂျာလူထုထဲမှာ ပညာတတ်တွေရှိတယ်ဆိုတာနဲ့ သူတို့ရဲ့ အရည်အသွေးတွေကို ပြသခွင့်မရကြဘူးဆိုတာကို ကမ္ဘာက မသိကြဘူး။
မိုဟာမက် တီ၊ ၄၂ နှစ်၊ ၂၀၂၃။
“Nearly all the documents of my family were destroyed in the fire. The documents go back over 80 years.”
Mohammed Y (79)
“ကျွန်တော့် မိသားစုအထောက်အထားတွေ အားလုံးနီးပါး မီးထဲပါသွားတယ်။ အဲ့ဒီအထောက်အထားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်လောက်စပြီး ရှိလာတာ”
မိုဟာမက် ဝိုင်၊ ၇၉ နှစ်
On March 5, 2023, a fire destroyed a section of the Balukhali Rohingya refugee camp in southern Bangladesh. Over 2,000 shelters were destroyed. All of the family documents Mohammed Yunus (79) carried with him when he fled Burma in 2017 were destroyed.
Along with shelters, the fires destroy the last remaining evidence many Rohingya families possess of their family history and connection to Burma.
မတ်လ ၅ရက်၊ ၂၀၂၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ဘာလူခါလီ ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ အဆောင်ပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့စဥ် မိုဟာမက်ယူနုစ် (၇၉နှစ်) သယ်ဆောင်လာခဲ့သည့် ၎င်း၏ မိသားစု အထောက်အထားများအားလုံးမှာ မီးထဲပျက်စီးသွားခဲ့သည်။
အဆောင်များနှင့်အတူ ရိုဟင်ဂျာမိသားစုအများအပြား၏ နောက်ဆုံးကျန်ရှိနေသော မိသားစုသမိုင်းကြောင်းများနှင့် မြန်မာပြည်နှင့် ဆက်နွယ်နေမှုတို့ကို သက်သေပြနိုင်မည့် အထောက်အထားများအားလုံးမှာ မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။