Ek Khaale

တရံရောအခါက

Once Upon A Time

THE ROHINGYA

ရိုဟင်ဂျာ

“ဒါက ငါ့သမိုင်း။ ငါတို့ရဲ့ သမိုင်း။ ရိုဟင်ဂျာတွေရဲ့ သမိုင်း။ အဲဒါက ငါတို့ ဘယ်သူလဲဆိုတာကို ဖေါ်ပြပြီး၊ ငါတို့က မြန်မာပြည်သူတွေ ဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြသနေတယ်။” 

အဘူ (ရိုဟင်ဂျာ အရပ်လူကြီး) 2023

“This is my history. Our history. Rohingya history. It shows who we are and shows to the world we are people of Burma.”

Abdu, Rohingya elder, 2023

သည်သမိုင်းကြောင်းကို မော်ကွန်းတိုက်များနှင့် ကို​ယ်ပိုင် စုဆောင်းထားမှုများတွင် တွေ့ရသည့် ဓါတ်ပုံဟောင်းများ၊ စာရွက်စာတမ်းများ၊ စာများ၊ ဒိုင်ယာရီများနှင့် သရုပ်ဖေါ်ပုံများ ကတဆင့် ဖေါ်ထုတ်ထားသည်။ အများစုမှာ ရိုဟင်ဂျာများ၏ ထည့်ဝင်မှု ဖြစ်သည်။ 

A history is being uncovered through old photographs, documents, letters, diaries and illustrations found in archives and private collections but mostly…contributed by Rohingya.

ဤသမိုင်း အပိုင်းအစများနှင့် အသိုင်းအဝိုင်းများသည် ကမ္ဘာတစ်ဝှမ်းတွင် ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ အခုတော့ သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြဖို့ အဆင်သင့် ဖြစ်နေပါပြီ။ 

These pieces of history and community have been displaced around the world. Now, their stories are ready to be told.

ဤသည်မှာ လူအများစု မသိ မမြင်ဖူးသေးသော  ဘဝမှတ်တမ်း များဖြစ်သည်။

It is a story most people have never seen before.

ဓါတ်ပုံဆရာ Greg Constantine နှင့် ကမ္ဘာတစ်ဝှမ်းက ရိုဟင်ဂျာများက ဤပစ္စည်းများကို အတူတကွ ယူဆောင်လာခြင်းဖြင့် ရိုဟင်ဂျာ ပုံသစ်ကို မျှဝေရန်နှင့် မြန်မာစစ်အစိုးရများက ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးရန်ကြိုးပမ်းနေမှုကို စိန်ခေါ်ရန် ဤခရီးတွင် ပူးပေါင်းကြပါ။   

Join photographer Greg Constantine with Rohingya around the world in this journey as they bring these materials together to show a new portrait of the Rohingya and challenge what Burmese regimes have spent decades trying to destroy.

FULL WEBSITE COMING IN EARLY 2024

ဝက်ဆိုက်အပြည့်အစုံသည် ၂၀၂၄ နှစ် အစောပိုင်းတွင် လာမည်။ 

Join our mailing list for announcements. 

ကြေညာချက်များအတွက် ကျွန်ုပ်တို့၏ စာပို့စာရင်းတွင် ပါဝင်ကြပါ။ 

ABOUT

အကြောင်း

The Rohingya expression Ek Khaale means Once Upon A Time.

This is a project about History, Existence, Belonging, Participation, Community, Resistance and Reclamation. Ek Khaale is a project about LIFE.

So much of the Rohingya’s visual history has been lost, confiscated or destroyed during waves of violence, forced displacement and genocide targeting the Rohingya over the past 60 years.  This has threatened ways in which the Rohingya preserve and share their collective memory, identity and history with others.  For people in Myanmar (Burma), a significant part of the Rohingya community’s history has been questioned, contested, denied, rejected or just erased. 

For the younger generation of Rohingya, much of this past is dependent on the imagination.

The project, Ek Khaale, is a collaborative, participatory storytelling and visual restoration project. Photographer Greg Constantine began documenting the persecution against the Rohingya in early 2006. Over the past 17 years, he has continued this work.

In late 2021, Constantine launched the project Ek Khaale with Rohingya in Bangladesh, the US, the UK, Canada, Malaysia and Europe, as well as Rohingya still living inside Myanmar (Burma).

Collaborating with Rohingya youth and Rohingya elders, the project seeks out historical visual materials that Rohingya have miraculously preserved, secretly held on to all these years (often at great personal risk) or have salvaged and carried with them under the most unimaginable circumstances.

Old photographs, family collections, documents, letters and illustrations contributed by Rohingya are combined with Constantine’s work as well as historical materials from a variety of public and private archives. These memories of family and evidence of historical existence as a community have been displaced and separated into pieces all over the world, just like the Rohingya community.  This project brings these materials and stories from the past back together again into the present.

By exposing this unseen past, this project aims to not only share a visual portrait of the Rohingya most people have never seen before but also challenge and reconstruct what Burmese regimes have spent decades trying to destroy.

ရိုဟင်ဂျာအသုံးအနှုန်း Ek Khaale အဓိပ္ပါယ်မှာ ဟိုးရှေးရှေးတုန်းက ဖြစ်ပါသည်။

ဤသည်မှာ သမိုင်းကြောင်း၊ ဖြစ်တည်မှု၊ ပက်သတ်ဆက်နွယ်မှု၊ ပါဝင်မှု လူမှုအသိုက်အဝန်း၊ ခုခံမှုနှင့် ပြန်လည်ဖေါ်ထုတ်မှုဆိုင်ရာ စီမံကိန်း ဖြစ်သည်။ Ek Khaale စီမံကိန်းသည်း ဘဝအကြောင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ရိုဟင်ဂျာများ၏ မြင်သာသော သမိုင်းကြောင်း အများအပြားသည် အကြမ်းဖက်မှု ခံရခြင်း၊ အတင်းအဓမ္မ နေရာပြောင်းရွေ့ခံရခြင်း နှင့် လူမျိုးတုံး သတ်ဖြတ်ခြင်း လှိုင်းလုံးများအတွင်း ပျောက်ဆုံးခြင်း၊ သိမ်းယူခံရခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယင်းက ရိုဟင်ဂျာများ ၎င်းတို့၏ စုပေါင်းမှတ်တမ်း၊ အမှတ်လက္ခဏာ နှင့် သမိုင်းကို ထိန်းသိမ်းကာ အခြားသူများနှင့် မျှဝေသည့် နည်းလမ်းများကိုလည်း ခြိမ်းခြောက်လျက် ရှိသည်။ မြန်မာနိုင်ငံမှ လူများအတွက်မူ ရိုဟင်ဂျာအသိုင်းအဝိုင်း၏ သမိုင်းကြောင်း၏ သိသာထင်ရှားသော အစိတ်အပိုင်းကို မေးခွန်းထုတ်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ငြင်းဆိုခြင်း၊ ပယ်ချခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း ခံခဲ့ရသည်။ 

ရိုဟင်ဂျာ မျိုးဆက်သစ် လူငယ်များအတွက် ဤအတိတ်အများစုသည် စိတ်ကူးစိတ်သန်းပေါ်တွင် မူတည်နေပါသည်။​      

Ek Khaale စီမံကိန်းသည် ပူးပေါင်း ပါဝင်ဆောင်သော ပုံရိပ် ပြန်လည်ဖေါ်ထုတ်ခြင်းနှင့် ဇာတ်လမ်းပြောခြင်း စီမံကိန်းတစ်ခု ဖြစ်သည်။​ ဓါတ်ပုံဆရာ Greg Constantine သည် ရိုဟင်ဂျာများအပေါ် နှိပ်စက် ညှင်းပမ်းမှုအား ၂၀၀၆ ခုနှစ် အစောပိုင်းကာလက စတင် မှတ်တမ်းတင်ခဲ့သည်။​ လွန်ခဲ့သည့် ၁၇ နှစ်တာ ကာလအတွင်း ၎င်းသည် ဤအလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် Constantine သည် ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ မလေးရှား၊ ဥရောပ နှင့် မြန်မာနိုင်ငံတွင် နေထိုင်ဆဲ ရိုဟင်ဂျာများနှင့်အတူ Ek Khaale စီမံကိန်းကို စတင်ခဲ့သည်။  

ဤစီမံကိန်းသည် ရိုဟင်ဂျာလူငယ်များနှင့် အရပ်လူကြီးများ နှင့် ပူးပေါင်းကာ ၎င်းတို့ နှစ်ပေါင်းများစွာ အံ့သြဖွယ် လျှို့လျှို့ဝှက်ဝှက် ထိန်းသိမ်းထားခဲ့သော၊ မကြာခဏဆိုသလို ကိုယ်ရေးကိုယ်တာ အန္တရာယ်များသော သို့မဟုတ် စိတ်ကူးမယဥ်နိုင်သော အခြေအနေများအောက်တွင် ၎င်းတို့နှင့်အတူ စောင့်ရှောက် သယ်ဆောင်သွားသော သမိုင်းဝင် ပုံရိပ်မှတ်တမ်းများကို ရှာဖွေနေသည်။​ 

ရိုဟင်ဂျာများက ပံ့ပိုးပေးသော ဓါတ်ပုံဟောင်းများ၊ မိသားစု ဓါတ်ပုံများ၊ စာရွက်စာတမ်းများ၊ စာများနှင့် သရုပ်ဖေါ်ပုံများကို Constantine ၏ လက်ရာအပြင် အစိုးရနှင့် ပုဂ္ဂလိက မော်ကွန်းတိုက်အမျိုးမျိုးမှ သမိုင်းဝင်ပစ္စည်းများနှင့် ပေါင်းစပ်ထားသည်။ ဤသို့ မြင်သာသော မိသားစုအမှတ်တရများနှင့် သမိုင်းဝင် ဖြစ်တည်မှုဆိုင်ရာ အထောက်အထားများသည်လည်း ရိုဟင်ဂျာ အသိုက်အဝန်းကဲသို့ပင် ကမ္ဘာအနှံ့ အပိုင်းပိုင်း အစစ ပျံ့ကြဲနေပါသည်။ ဤစီမံကိန်းသည် ဤအရာဝတ္ထုများနှင့် အတိတ်က ဇာတ်လမ်းများကို ယခုပစ္စုပ္ပန်သို့ တဖန်ပြန်လည် ယူဆောင်လာပေးသည်။

ဖုံးကွယ်နေသော အတိတ်ကို ဖေါ်ထုတ်ပြသခြင်းဖြင့် ဤစီမံကိန်းသည် ယခင် ရိုဟင်ဂျာတို့၏ ပုံရိပ်များကို မျှဝေရုံသာမက မြန်မာအစိုး ရအဆက်ဆက်က ဆယ်စုနှစ်များစွာ ကြာအောင် ဖျက်ဆီးပစ်ရန် ကြိုးပမ်းနေသည့် အရာအားလုံးကို စိန်ခေါ်ရန်လည်း ရည်ရွယ်ပါသည်။


Help support this project

Your support is received via fiscal sponsorship of the non-profit organization: CENTER Santa Fe. Donations are tax-deductible for US taxpayers.

သည်စီမံကိန်းကို ထောက်ပံ့ ကူညီပေးပါ။ သင်၏ ပံ့ပိုးကူညီမှုကို CENTER Santa Fe. (အကျိုးအမြတ်မယူသော အဖွဲ့အစည်း) ၏ ဘဏ္ဍာရေးစပွန်ဆာမှ တဆင့် လက်ခံရရှိပါသည်။​ အမေရိကန် အခွန်ထမ်းများ အနေဖြင့် လှူဒါန်းမှုများအတွက် အခွန်နှုတ်ယူနိုင်ပါသည်။